
ဒဏ်ရာကနေပြန်လည်ကောင်းမွန်လာတဲ့ နောက်ခံလူ မာတီနက်ဇ်ကို အရဲစွန့်ပြီး အစောတလျင် အသုံးပြုမှာ မဟုတ်သေးဘူးလို့ မန်ယူနိုက်တက် နည်းပြအာမိုရင်က ပြောသွားပါတယ်။
အသက် ၂၇ နှစ်ရှိ အာဂျင်တီးနား နောက်ခံလူဟာ ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီကတည်းက အနားယူခဲ့ရသူပါ။
လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး မာတီနက်ဇ်ကိုယ်တိုင်က ပွဲကစားဖို့ဆန္ဒရှိနေပေမဲ့ ဒဏ်ရာပြန်လည် ရရှိမှာစိုးရိမ်တာကြောင့် အရဲစွန့်ပြီး အစောတလျင်အသုံးပြုမှာမဟုတ်ကြောင်း နည်းပြအာမိုရင်က ပြောသွားတာပါ။
မာတီနက်ဇ်ဟာ နိုဝင်ဘာ ၁ ရက်မှာကစားမယ့် နော်တင်ဟမ်နဲ့ပွဲမှာ ပါဝင်ကစား တောင်းဆိုထားပေမဲ့ လာမယ့် တပတ်ပွဲစဉ်တွေမှ ပြန်လည်ကစားခွင့်ရဖို့ရှိပါတယ်။
Photo: Reuters


