
အယ်လ်နာဆာအသင်းဟာ စနေနေ့ကပွဲစဉ်မှာ ခရစ္စတီရာနိုရော်နယ်ဒိုရဲ့ ပင်နယ်တီ နောက်ကျအနိုင်ဂိုးနဲ့ ဆော်ဒီပရိုလိဂ်မှာ နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။
အယ်လ်ဖာရက်အသင်းအတွက် စပိန်ကစားသမား ဂျက်ဆင်က ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ အယ်လ်နာဆာရဲ့ အသက် ၄၀ အရွယ် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ နွေရာသီမှာ ဝယ်ယူခဲ့တဲ့ ကစားသမား ကင်းစလေကိုမန်ရဲ့ ပေးပို့မှုကနေတဆင့် ၃၇ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ နာကျင်အချိန်ပို ၁၄ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အယ်လ်နာဆာအတွက် နိုင်ပွဲဆက်စေဖို့ သွင်းယူပေးခဲ့ပြီး ပွဲကို ပြီးဆုံးစေခဲ့ပါတယ်။
ဂျော့ဂျီးဆပ်ရဲ့ အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရိုလိဒ် ၇ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး ဇယားဒုတိနေရာက အယ်ဟယ်လယ်အသင်းကို ၃ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။




