
Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းမှာ ပေါ်တူဂီနဲ့ အယ်လ်နာဆာတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဝင်ငွေ ဒေါ်လာ ၂၇၅ သန်းနဲ့ ဝင်ငွေအများဆုံး အားကစားသမားအဖြစ်ရပ်တည်နေပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့ဝင်ငွေအများဆုံး ကစားသမားအဖြစ် ၃ နှစ်ဆက် ရပ်တည်နေတာပါ။
သူ့နောက်မှာတော့ အမေရိကန် ဘတ်စကတ်ဘောကစားသမား စတီဇင်ကာရီက ဒေါ်လာ ၁၅၆ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ယူကေလက်ဝှေ့ကျော် တိုင်ဆင်ဖူရီက ၁၄၆ သန်းနဲ့ တတိယနေရာမှာ ရှိပါတယ်။
အာဂျင်တီးနား ဘောလုံးသမား လီယွန်နယ်မက်ဆီကတော့ ဝင်ငွေ ၁၃၅ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။
အသက် ၄၀ အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ နိုင်ငံနဲ့ ကလပ်အသင်းတွေအတွက်လည်း ဂိုးတွေ သွင်းယူနေဆဲဖြစ်ပြီး လက်ရှိမှာ ဘောလုံးကစားသမားဘဝတလျှောက် သွင်းဂိုး ၉၄၈ ဂိုး သွင်းယူထားပြီ ဖြစ်ပါတယ်။
Photo: Reuters




