
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့က ၂ နှစ်ဆက်တိုက် ပါဝင်ခြင်းမရှိခဲ့ပါဘူး။
၂၀၀၃ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ အနည်းဆုံးတယောက် ပါဝင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် ဘလွန်းဒီအော ဆန်ခါတင်စာရင်းမှာ ပါဝင်ခြင်းမရှိတော့တာပါ။
မက်ဆီက ၈ ကြိမ်၊ ရော်နယ်ဒိုက ၅ ကြိမ်နဲ့ စုစုပေါင်း ၁၃ ကြိမ်ရရှိထားတဲ့ ကစားသမား ၂ ယောက်ဟာ သက်ဆိုင်ရာလိဂ်တွေမှာ ခြေစွမ်းပြကစားခဲ့ကြပေမဲ့ ဘလွန်းဒီအောက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကြောင့် ဆန်ခါတင်စာရင်းမှာတောင် ပါဝင်ခွင့်မရခဲ့ကြတာပါ။
ဘလွန်းဒီအောဆုကို ဥရောပရဲ့ အကောင်းဆုံးထိပ်တန်းလိဂ် ၅ ခုက ကစားသမားတွေကိုပဲ ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး အာဆင်နယ်တိုက်စစ်မှူး ဗစ်တာယိုကရက်စ်က စပို့တင်းမှာ ပြသခဲ့တဲ့ ဂိုးသွင်းစွမ်းရည်ကြောင့်သာ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ မနှစ်က ဆော်ဒီလိဂ်မှာ စုစုပေါင်း ၃၅ ဂိုးသွင်းခဲ့သလို မက်ဆီကလည်း အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအတွက် စုစုပေါင်း ဂိုး ၃၀ သွင်းယူခဲ့တာ ဖြစ်ပါတယ်။




