
အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းဟာ တိုက်စစ်မှူး မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ နီးစပ်လာပြီလို့ သိရပါတယ်။
မက်ဆီဟာ ၂၀၂၃ ခုနှစ်က အင်တာမိုင်ယာမီအသင်းဆီကို ၂ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။
အစောပိုင်းသတင်းတွေဟာ မက်ဆီဟာ ဥရောပပြိုင်ပွဲတွေဆက်ပြီး ကစားချင်တာကြောင့် ဥရောပလိဂ်တခုဆီ ပြောင်းရွှေ့လာဖို့ရှိကြောင်း သတင်းထွက်ခဲ့သလို မွေးရပ်မြေ အာဂျင်တီးနားဆီ ပြန်မယ်လို့လည်း သတင်းထွက်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အင်တာမိုင်ယာမီမှာပဲ ဆက်ရှိဖို့ နီးစပ်လာခဲ့ပြီး စာချုပ်သက်တမ်းတိုးဖို့ လက်ခံသဘောတူခဲ့ကြောင်း သတင်းထွက်လာခဲ့တာပါ။
အသက် ၃၈ နှစ်ရှိ မက်ဆီအနေနဲ့ မိုင်ယာမီနဲ့ စာချုပ်သက်တမ်းတိုးဖြစ်မယ်ဆိုရင် အသက် ၄၀ ကျော်တဲ့အထိ ဘောလုံးဆက်ကစားသွားမှာဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Photo: Reuters




