
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ တိုက်စစ်မှူးမက်ဆီ ပါဝင်ကစားဖို့ မသေချာသေးကြောင်း အာဂျင်တီးနား လက်ရွေးစင်အသင်းနည်းပြ စကယ်လိုနီက ပြောသွားပါတယ်။
စက်တင်ဘာ ၅ ရက်က ဗင်နီဇွဲလားနဲ့ ကစားခဲ့ရတဲ့ အိမ်ကွင်း ပွဲစဉ်ဟာ မက်ဆီအတွက် ပြိုင်ပွဲအသွင် နောက်ဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်ကြောင်း ပြောကြားထားတာပါ။
အဲဒီပွဲစဉ်အပြီး အင်တာဗျူးမှာ လာမယ့်ကမ္ဘာ့ဖလားမှာ ပါဝင်ကစားမလားဆိုတဲ့ မေးခွန်းအပေါ် မက်ဆီက တိကျတဲ့အဖြေပေးမသွားဘဲ စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့သာ ပြန်လည်ဖြေခဲ့ပါတယ်။
နည်းပြစကယ်လိုနီကတော့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီ ပါဝင်မလားဆိုတာ သူကိုယ်တိုင် မသိရှိသေးကြောင်းနဲ့ မက်ဆီနဲ့လည်း ဆွေးနွေးရခြင်းမရှိသေးဘဲ မက်ဆီကို ဆုံးဖြတ်ချက်ချဖို့ အချိန်ပေးသွားရမှာဖြစ်ကြောင်း ပြောပါတယ်။
လက်ရှိချန်ပီယံ အာဂျင်တီးနားဟာ ခြေစစ်ပွဲတွေမပြီးခင် ခြေစစ်ပွဲအောင်မြင်ထားပြီး အီကွေဒေါနဲ့ နောက်ဆုံးပွဲမှာ မက်ဆီ ပါဝင်ကစားမှာမဟုတ်ဘဲ အနားယူသွားမှာဖြစ်ပါတယ်။