
မက်ဆီရဲ့နေရာကို ဆက်ခံနိုင်မယ့် ကစားသမား ရှိလာမှာမဟုတ်ကြောင်း အာဂျင်တီးနားနည်းပြ စကယ်လိုနီက ပြောသွားပါတယ်။
မက်ဆီဟာ အသက် ၃၈ နှစ်ရှိနေပြီဖြစ်ပြီး မကြာတော့တဲ့ အချိန်ကာလတခုအတွင်းမှာ ကစားသမားဘဝကနေ အနားယူရတော့မှာပါ။
မက်ဆီရဲ့အလွန် သူ့နေရာမှာ ဆက်ခံနိုင်မယ့် ကစားသမား ထွက်ပေါ်လာနိုင်သလားဆိုတဲ့ မေးခွန်းအပေါ် နည်းပြစကယ်လိုနီကပြန်လည် ဖြေကြားခဲ့တာပါ။
ခေတ်ကို ထပ်ဟပ်နိုင်မယ့် ခမ်းနားကြီးကျယ်တဲ့ ကစားသမားတွေ ပေါ်ကောင်းပေါ်လာနိုင်ပေမဲ့ မက်ဆီလို နှစ်ကာလကြာရှည်တဲ့အထိ အကောင်းဆုံးခြေစွမ်းကို ထိန်းထားနိုင်တဲ့ သူရှိလာမှာမဟုတ်ကြောင်း၊ မက်ဆီရဲ့နေရာကို ဆက်ခံနိုင်မယ့်သူ ရှိလာမှာမဟုတ်ဘူး ဆိုတာ သေချာကြောင်း နည်းပြစကယ်လိုနီက ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ထိပ်ဆုံးနေရာကနေ ခြေစစ်ပွဲအောင်မြင်ထားပြီး လက်ကျန်ပွဲစဉ်တွေအဖြစ် ဗင်နီဇွဲလာ၊ အီကွေဒေါအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Photo: Reuters




