
မေဂျာလိဂ် အောစတားအသင်းနဲ့ မပူးပေါင်းခဲ့တဲ့ မက်ဆီကို လိဂ်အဖွဲ့ချုပ်က တပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
အမေရိကန်ဘောလုံးလိဂ်အဖွဲ့ချုပ်ဟာ မက္ကဆီကိုလိဂ်အောစတာအသင်းနဲ့ ခြေစမ်းပွဲအတွက် မက်ဆီကို ရွေးချယ်ထားပေမဲ့ လာရောက်ပူးပေါင်းခြင်းမရှိတဲ့အပေါ် ပွဲပယ်ပြစ်ဒဏ်ချခဲ့တာပါ။
လိဂ်ပြိုင်ပွဲရဲ့ ခွင့်ပြုချက်မရှိဘဲ အောစတာအသင်းနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ကစားသမားတိုင်းကို သက်ဆိုင်ရာမိခင်ကလပ်ရဲ့ အနီးဆုံးပွဲစဉ်တပွဲကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ရမယ်ဆိုတဲ့ စည်းမျဉ်းအရ မက်ဆီကို အရေးယူခဲ့တာဖြစ်ကြောင်း မေဂျာလိဂ်အဖွဲ့ချုပ်ဘက်က ထုတ်ပြန်ပါတယ်။
မက်ဆီအပါအဝင် အသင်းဖော် ယော်ဒီအယ်လ်ဘာကလည်း ပူးပေါင်းခြင်းမရှိတာကြောင့် အလားတူ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါသေးတယ်။
မက်ဆီဟာ မေဂျာလိဂ်ကို ချစ်ခင်နှစ်သက်သူဆိုတာ သိရှိပေမဲ့ စည်းမျဉ်း အရ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရတာလို့ မေဂျာလိဂ်ကော်မရှင်နာ ဒွန်ဂါဘာက ပြောသွားပါတယ်။
Photo:Reuters




