Home
အားကစား
ကလပ်ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ရမည့်အပေါ်  စိတ်လှုပ်ရှားမိကြောင်း မက်ဆီပြော
DVB
·
June 14, 2025
Photo :Reuters

ကလပ်ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်း အင်တာမိုင်ယာမီတိုက်စစ်မှူး လီယွန် နယ်မက်ဆီက ပြောသွားပါတယ်။ 

စနစ်သစ်အဖြစ် အသင်းစုစုပေါင်း ၃၂ သင်းနဲ့ ဇွန် ၁၅ ရက်မှာ စတင်ကျင်းပမယ့် ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ ကျင်းပတော့မှာပါ။  

ပြိုင်ပွဲကစိတ်ဝင်စားစရာကောင်းပြီး အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်း မက်ဆီက ပြောပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ ကစားခဲ့ဖူးတဲ့ ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ အခုပြိုင်ပွဲက ကွဲပြား ခြားနားပြီး ကမ္ဘာ့အကောင်းဆုံအသင်းတွေကို ရင်ဆိုင်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ပြသသွား ချင်ကြောင်း မက်ဆီက ပြောပါတယ်။ 

မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ  အုပ်စု A မှာ အီဂျစ်ကလပ် အယ်လ်အာလီ၊ ပေါ်တူဂီကလပ် ပေါ်တို၊ ဘရာဇီးကလပ် ပါလ်မီယာယက်စ်အသင်းတွေနဲ့ အတူတွေ့ဆုံနေတာ ဖြစ်ပါတယ်။

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013