
ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပြီးနောက် မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကို ကျေးဇူးတင်ရှိကြောင်း ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်ခါလိုင်ဖီက ပြောပါတယ်။
အဆိုပါ နာမည်ကျော် တိုက်စစ်မှူး ၃ ယောက်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တွဲဖက်ကစားပြီး ဥရောပချန်ပီယံလိဂ်ဆုဖလား ရရှိအောင် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။
ပီအက်စ်ဂျီအသင်းဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို နာမည်ကျော်တိုက်စစ်မှူးတွေ မရှိတဲ့ အချိန်မှာ ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ အပါအဝင် သီယာဂိုဆေးလ်ဗား၊ ကာဗာနီ၊ ဒီမာရီယာနဲ့ အီဗရာဟီမိုဗစ်တို့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘဲ သူတို့ဟာ အသင်းကို ဒီလိုအဆင့်ကို ရောက်ရှိလာဖို့ စွမ်းဆောင်ပေးခဲ့ကြသူတွေဖြစ်လို အောင်မြင်မှုရဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း ပီအက်စ်ဂျီဥက္ကဋ္ဌက ပြောပါတယ်။
ဒါ့အပြင် မိမိတို့ရဲ့ စီမံကိန်း စတင်ချိန်မှာ ပထမဆုံး ပြောင်းရွှေ့လာတဲ့ ပတ်စ်တိုရီကိုလည်း ကျေးဇူးတင်ကြောင်း ဥက္ကဋ္ဌ အယ်ခါလိုင်ဖီက ပြောသွားပါတယ်။