
စူပါဟီးရိုးတွေ၊ ဗီလိန်တွေနဲ့ မင်းသမီးလေးတွေလို ဝတ်ဆင်ထားတဲ့ မော်တော်ဆိုင်ကယ်ဝါသနာရှင် ထောင်ချီပြီး အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုးအေးရိစ်မှာ စုရုံးခဲ့ကြပါတယ်။
သူတို့ဟာ အစိုးရ ရန်ပုံငွေ ဖြတ်တောက်ခံထားရတဲ့ ဂါရာဟန်ဆေးရုံ၊ ကလေးဌာနက နာမကျန်းကလေးတွေအတွက် အရုပ်တွေပေးဖို့ စုဝေးချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
အာဂျင်တီးနားမှာ ကလေးများနေ့ကို ဩဂုတ်လရဲ့ တတိယပတ် တနင်္ဂနွေနေ့မှာ ကျင်းပလေ့ ရှိတာကြောင့် ဒီနှစ် ၁၇ ရက်နေ့မှာ ကျရောက်ပါတယ်။
ထောင်ချီတဲ့ ဆိုင်ကယ်ဝါသနာရှင်တွေဟာ ကလေးတွေကို သကြားလုံးနဲ့ အရုပ်တွေ ပေးခဲ့ကြပါတယ်။
တနိုင်ငံလုံးက လွှဲသမျှ လူနာတွေ လက်ခံကုသပေးနေတဲ့ ဒီဆေးရုံကြီးဟာ သမ္မတ ဟာဗီးယား မီလေး လက်ထက် ခြိုးခြံချွေတာရေး အစီအစဉ်အရ ရန်ပုံငွေလျှော့ချခံထားရတာကြောင့် လည်ပတ်ဖို့ အခက်အခဲကြုံနေတာ ဖြစ်ပါတယ်။
Source: Reuters




