
ပေါ်တူဂီလက်ရွေးစင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ ဟန်ဂေရီနဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ သမိုင်းတလျှောက်မှာ ဂိုးအများဆုံးသွင်းထားသူ ဖြစ်လာပါတယ်။
မနေ့ကပွဲမှာ သွင်းခဲ့တဲ့ ဂိုးတွေကြောင့် အသက် ၄၀ အရွယ် ရော်နယ်ဒိုက သူကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်တွေမှာ သွင်းဂိုး ၄၁ ဂိုး သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူ့နောက်မှာ ဂွါတီမာလာ တိုက်စစ်မှူး ကားလို့စ်ရူယစ်ဇ်က ၃၉ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိသလို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ၃၆ ဂိုးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းသူစာရင်းမှာ ရှိနေပါတယ်။
ဒ့ါအပြင် ရော်နယ်ဒိုဟာ နိုင်ငံတကာပွဲစဉ်တွေမှာလည်း ဂိုး ၁၄၃ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံး သွင်းထားသူ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ သူ့ဘောလုံးသမားဘဝတလျှောက်လုံးမှာ ကစားခဲ့တဲ့ ကလပ်အသင်းတွေနဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် စုစုပေါင်းသွင်းဂိုး ၉၄၈ ဂိုး သွင်းယူထားပြီဖြစ်ပြီး ဂိုးပေါင်း ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းနေပါတယ်။




