
ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု A အဖွင့်ပွဲစဉ်မှာ ဂျာမနီအသင်းက ဆလိုဗက်ကီးယားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
ဆလိုဗက်ကီးယားအတွက် ဂိုးတွေကို ဒေးဇစ်ဟန်ကိုက ပထမပိုင်း ပွဲကစားချိန် ၄၂ မိနစ်နဲ့ ဒေးဇစ် စထရက်လက်က ပွဲချိန် ၅၅ မိနစ်တို့မှာ အသီးသီးသွင်းခဲ့ကြတာပါ။
တပွဲလုံးမှာ ဂျာမနီအသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းနဲ့ ဖိကစားခဲ့ပြီး ဂိုးကန်သွင်းမှု ၁၄ ကြိမ် ပြုလုပ်ခဲ့ပေမဲ့ ဂိုးပေါက် ၄ ကြိမ်ပဲတည့်ခဲ့ပြီး တဂိုးမှ မရခဲ့တာ ဖြစ်ပါတယ်။
ဆလိုဗက်ကီးယားကတော့ ဂိုးကန်သွင်းမှု ၈ ကြိမ်မှာ ဂိုးပေါက် ၅ ကြိမ်တည့်ပြီး ၂ ဂိုးသွင်းနိုင်ခဲ့တာပါ။
ဒီနေ့ပွဲစဉ်မှာ အနိုင်ရသွားတဲ့ ဆလိုဗက်ကီးယားအသင်းဟာ ကမ္ဘာ့အဆင့် ၅၂ မှာရှိပြီး ဂျာမနီကတော့ ကမ္ဘာ့အဆင့် ၉ မှာရှိတဲ့ ထိပ်သီးအသင်းတသင်း ဖြစ်ပါတယ်။
အုပ်စု A ရဲ့ နောက်ထပ်ပွဲစဉ်တခုမှာတော့ မြောက်အိုင်ယာလန်အသင်းက လူဇင်ဘာ့ဂ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အုပ်စု ပထမနေရာမှာ ရှိနေပါတယ်။