
ဗီဒီယိုဂိမ်းတွေအတွက် အကြီးမားဆုံး ကုန်စည်ပြပွဲဖြစ်တဲ့ Gamescom ဂိမ်းစ်ကွန်ကို သြဂုတ် ၂၀ ရက်မှာ အနောက်ဂျာမနီမြို့ ခိုလုံးမှာ ဖွင့်လှစ်ခဲ့ပါတယ်။
နိုင်ငံပေါင်း ၇၂ နိုင်ငံက စံချိန်ချိုးထားတဲ့ ပြခန်းပေါင်း ၁၅၀၀ ကနေ နောက်ဆုံးပေါ် ဗီဒီယိုဂိမ်းတွေ ကို ပြနေတယ်လို့ Gamescom ကို စီစဉ်တဲ့ ဂျာမန်ဗွီဒီယိုဂိမ်း ရောင်းဝယ်ရေး အဖွဲ့အစည်း "Gameရဲ့ မန်နေးဂျင်းဒါရိုက်တာက ပြောပါတယ်။
“Gamescom ဟာ ကမ္ဘာတဝန်း ဂိမ်းကစားခြင်းအတွက် အကြီးမားဆုံးပွဲတော်ဖြစ်ပြီး ဂိမ်းကြီးတွေ၊ အသေးစားဂိမ်းတွေ၊ e-sports၊ cosplay၊ ဖျော်ဖြေပွဲတွေ အပါအဝင် ဂိမ်းယဉ်ကျေးမှုနဲ့ ပတ်သက်သမျှ အဖြစ်အပျက်တွေအတွက် တကမ္ဘာလုံးက ဂျာမနီနိုင်ငံ၊ ခိုလုံးမြို့ကို ရှာနေကြပြီ ဖြစ်ပြီး ဒီဇာတ်ခုံကို ကမ္ဘာအတွက် ပေးစွမ်းနိုင်လို့ အမှန်တကယ် ဂုဏ်ယူမိပါတယ်”လို့ သူက ပြောပါတယ်။
အခုနှစ် Gamescom ရဲ့ အဓိက အာရုံစိုက်မှုက လက်ကိုင်ဂိမ်း ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပွဲတက်လာသူတွေကလည်း နာမည်ကြီးထုတ်ဝေသူတွေ ဒါမှမဟုတ် သီးခြားစတူဒီယိုတွေက လာမယ့်ဂိမ်းတွေကို ကစားဖို့ မျှော်လင့် ပျော်ရွှင်နေကြတာပါ။
“ကျနော်တို့က နှစ်တိုင်းသွားပြီး အမြဲစောင့်မျှော်နေတာပါ။ အတွေ့အကြုံတွေ အများကြီးရှိတဲ့ developer တွေနဲ့ စကားပြောနိုင်တယ်”လို့ ခိုလုံးမြို့က ပွဲတက်လာသူ တယောက်က ပြောပါတယ်။
ဂျပန်ဗီဒီယိုဂိမ်းကုမ္ပဏီ နင်တန်းဒိုးကလည်း သူ့ရဲ့ နောက်ဆုံးပေါ် ဂိမ်းစက် ဖြစ်တဲ့ Switch 2 ကို ဇွန်လမှာ စရောင်းချပြီးတဲ့နောက် သီတင်းပတ် ခုနစ်ပတ်အတွင်း ဂိမ်းစက် ၆ သန်း ကျော် ရောင်းချခဲ့ရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
Microsoft ကလည်း သူ့ရဲ့ ပထမဆုံးသော လက်ကိုင် စက်ခလုတ်ခုံကို ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။
Source:Reuters