
ဂျာမနီအနောက်တောင်ပိုင်း သစ်တောဧရိယာမှာ ဒေသဆိုင်ရာ ခရီးသည်တင်ရထားတစင်း လမ်းချော်ခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ခရီးသည် ၁၀၀ ဝန်းကျင်လိုက်ပါလာတဲ့ ရထားဟာ ဇူလိုင် ၂၇ ရက်နေ့ ဒေသစံတော်ချိန် ည ၆ နာရီ ၁၀ မိနစ်မှာ ဘာဒန်း-ဗူတမ်ဘာ့ဂျ်ပြည်နယ်၊ ရိဒ်လင်ဂန်မြို့နားမှာ မတော်တဆဖြစ်ခဲ့တာပါ။
ရထားတွဲ ၂ တွဲ လမ်းချော်တာဖြစ်ပြီး အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ဂျာမန်ရထားပို့ဆောင်ရေး (ဒွိုက်ချ်ဘန်း) က ထုတ်ပြန်ပါတယ်။
ဒေသတဝန်း မုန်တိုင်းတိုက်ခဲ့တာကြောင့် မြေပြိုရာကနေ မတော်တဆမှုဖြစ်ရတယ်လို့ ဂျာမန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဂျာမနီဟာ စက်မှုရှေ့ဆောင်နိုင်ငံကြီးဖြစ်ပေမဲ့ ရထားပို့ဆောင်ရေးပိုင်းမှာ ခေတ်မမီတော့တဲ့ အခြေခံအဆောက်အအုံတွေကြောင့် ရထားချိန်နှောင့်နှေးတာနဲ့ တခြားစက်မှုပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ မကြခဏရင်ဆိုင်နေရတယ်လို့ ဝေဖန်ခံနေရပါတယ်။
အစိုးရက လာမယ့် နှစ်အနည်းငယ်အတွင်း ရထားပို့ဆောင်ရေး ပြုပြင်ပြောင်းလဲဖို့ ယူရိုဘီလီယံရာချီ သုံးစွဲမယ်လို့ ကတိပေးထားပါတယ်။
Source: Reuters