
ချဲလ်ဆီးအသင်းရဲ့ ပေးဂိုးအနည်းဆုံးစံချိန်ကို လိုက်မီဖို့ အာဆင်နယ်အသင်းအနေနဲ့ ခက်ခဲလိမ့်မယ်လို့ ချဲလ်ဆီးဂန္ထဝင်နောက်ခံလူ တယ်ရီ က ပြောပါတယ်။
တယ်ရီဟာ နည်းပြမော်ရင်ညိုလက်ထက် ၂၀၀၄-၂၀၀၅ ရာသီမှာ ပေးဂိုး ၁၅ ဂိုးသာပေးခဲ့ရတဲ့ အသင်းခံစစ်ကို ဦးဆောင်ခဲ့သူဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ ချန်ပီယံဆုဖလားပါရယူနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ ဂိုးသမားနဲ့ ခံစစ်စွမ်းဆောင်ရည်အရ ချဲလ်ဆီးအသင်းရဲ့စံချိန်ကို လိုက်မီသွားမှာကို စိုးရိမ်ပြီး အာဆင်နယ်ရဲ့ လက်ရှိခံစစ်ကစားပုံက လက်ရှိအချိန်အထိ ချီးကျူးစရာဖြစ်ကြောင်း ဆန်းဒါးလန်းနဲ့ ၂ ဂိုး စီ သရေကျတဲ့ ပွဲစဉ်မတိုင်ခင်မှာ ဂျွန်တယ်ရီ က ပြောသွားတာပါ။
‘ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မိမိတို့ရဲ့ ပေးဂိုးအနည်းဆုံးမှတ်တမ်းကို လိုက်မီဖို့က အလွန်ခက်ခဲမှာ ဖြစ်ပြီး အာဆင်နယ်ရဲ့ ခံစစ်ကောင်းမွန်နေမှုက အနည်းငယ် စိုးထိတ်စရာကောင်းတယ်’လို့ ဂျွန်တယ်ရီက ပြောပါတယ်။
အာဆင်နယ်ဟာ နိုဝင်ဘာ ၉ ရက်က ဆန်းဒါးလန်းနဲ့ပွဲမှာ ၂ ဂိုးပေးခဲ့ရတာကြောင့် ပွဲစဉ် ၁၁ အပြီးမှာ ပေးဂိုး ၅ ဂိုး ပေးထားရပြီး ဖြစ်ပါတယ်။


