Home
အားကစား
လက်မောင်းစပွန်ဆာ Visit Rwanda နှင့် အာဆင်နယ်အသင်း လမ်းခွဲမည်
DVB
·
November 20, 2025
Photo: arsenal.com

အာဆင်နယ်အသင်းဟာ ဝေဖန်မှုတွေရှိနေတဲ့ လက်မောင်းစပွန်ဆာ Visit Rwanda နဲ့ အခုနှစ် ဇွန်လမှာ လမ်းခွဲတော့မယ်လို့ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အာဆင်နယ်ဟာ အာဖရိကတိုက်က ရဝမ်ဒါနိုင်ငံရဲ့ ခရီးသွားအဖွဲ့အစည်းနဲ့ ၂၀၁၈ မေလက စတင် လက်တွဲခဲ့ပြီး ကနဦး ၃ နှစ်စာချုပ်ကို ပေါင် ၁၀ သန်း ရရှိခဲ့တာပါ။

အဲဒီနောက် စာချုပ်သက်တမ်းတိုးခဲ့ပေမဲ့ ပရိသတ်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေ ရှိနေတဲ့ Visit Rwanda နဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရဝမ်ဒါနိုင်ငံဟာ ကွန်ဂိုမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်သတ်ဖြတ်မူတွေမှာ M23 သူပုန်တွေကို ပံ့ပိုးကူညီနေတာကြောင့် ပရိသတ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက Visit Rwanda နဲ့ လက်တွဲဖြုတ်ဖို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက အစဉ်တစိုက် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ Visit Rwanda ကို ဆန့်ကျင်တဲ့အနေနဲ့ Visit Tottenham ဆိုတဲ့ ကမ်ပိန်းတွေပါ လုပ်ဆောင်ခဲ့ကြပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013