
အာဆင်နယ်အသင်းရဲ့ ခြေစွမ်းကောင်းမွန်မှုဟာ အခုမှ အစပဲရှိသေးကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
ချန်ပီယံလိဂ်မှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ခြေစွမ်းကောင်းမွန်မှုဟာ အစပဲရှိသေးကြောင်း နည်းပြအာတေတာက ပြောသွားတာပါ။
ဥရောပရဲ့အကောင်းဆုံးအသင်းနဲ့ပွဲမှာ မိမိတို့အသင်းရဲ့ အံ့ဖွယ်စွမ်းဆောင်ရည်နဲ့ အနိုင်ရခဲ့တာက ကြီးမားတဲ့ အောင်ပွဲဖြစ်ကြောင်း၊ အခုချိန်ထိ ခြေစွမ်းကောင်းကို စဉ်ဆက်မပြတ် ဆက် ထိန်းနိုင်ခဲ့တဲ့တိုင် အသင်းရဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုက အစပဲရှိသေးပြီး ၃ ရက်ခြား ကစားရ တဲ့ပွဲစဉ်တိုင်းမှာ လက်ရှိခြေစွမ်းကို ဆက်ထိန်းသွားရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါ တယ်။
အာဆင်နယ်ဟာ လာမယ့် ရက်သတ္တပတ်မှာ အဆင့် ၂ နေရာက ချဲလ်ဆီးနဲ့ ဆက်လက်ရင်ဆိုင် သွားရမှာဖြစ်ပြီး အကောင်းဆုံးပြင်ဆင်မှု လုပ်ဆောင်သွားရမှာဖြစ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။
Photo:Reuters


