
တပွဲတည်း ဟတ်ထရစ် ၃ ဂိုးသွင်းဖို့ အိပ်မက်တောင်မက်ခဲ့ဖူးကြောင်း အာဆင်နယ်ကွင်းလယ်လူ အက်ဘရက်ချီအက်ဇေးက ပြောသွားပါတယ်။
အက်ဇေးဟာ နိုဝင်ဘာ ၂၃ ရက် မနေ့ညက အိမ်ကွင်းမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ် တပွဲတည်း ၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
၃ ဂိုးသွင်းယူနိုင်ခဲ့တာက ရူးသွပ်စရာကောင်းပြီး မိမိနဲ့ မိသားစုအတွက်လည်း ထူးခြားတဲ့ နေ့ တနေ့ဖြစ်ကြောင်း အက်ဇေးက ပြောပါတယ်။
တပွဲတည်း ၃ ဂိုးသွင်းယူနိုင်ဖို့ အိပ်မက်တောင်မမက်ခဲ့ဖူးပေမဲ့ အမှန်တကယ်သွင်းယူနိုင်ခဲ့တာက အိပ်မက်ထက် ပိုပြီးထူးခြားကြောင်း အက်ဇေးက ပြောပါတယ်။
အခုနှစ်နွေရာသီကမှ ခရစ္စတယ်ပဲလေ့စ်ကနေပြောင်းရွှေ့လာသူ အက်ဇေးဟာ အသင်းခေါင်းဆောင် အိုဒီဂတ်မပါဝင်နိုင်ချိန်မှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး တောင်ပံတိုက်စစ်နေရာမှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။


