
အာဆင်နယ်အသင်းအသင်းဟာ အီကွေဒေါ ထိပ်တန်းကလပ် အင်ဒီပန့်ဒီယန်တီက ဆယ်ကျော်သက် အမြွှာ ၂ ယောက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အက်ဒ်ဝင်ကင်တဲရိုးနဲ့ ဟော်လဂဲလ်ကင်တဲရိုးလို့ အမည်ရှိတဲ့ အသက် ၁၆ နှစ်သား အမြွှာကစားသမား ၂ ယောက်ဟာ အင်ဒီပန့်ဒီယန်တီ အသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့် ရရှိကြသူတွေဖြစ်ပြီး သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ အစွမ်းပြခဲ့ကြသူတွေပါ။
အကြီးဖြစ်တဲ့ အက်ဒ်ဝင်ကင်တဲရိုးက မြန်နှုန်းမြင့် တောင်ပံကစားသမားတယောက်ဖြစ်ပြီး ဘရာဇီးတိုက်စစ်မှူး နေမာနဲ့ နှိုင်းယှဉ်ခံရသူ ဖြစ်ပါတယ်။
အငယ်ဖြစ်သူ ဟော်လဂဲလ်ကင်တဲရိုးဟာလည်း တောင်ပံတိုက်စစ်မှာ ကစားဖူးပေမဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ ပိုပြီးအားသန်တဲ့ ကစားသမား ဖြစ်ပါတယ်။
အီကွေဒေါကလပ် အင်ဒီပန့်ဒီယန်တီအသင်းဟာ နာမည်ကြီး ကစားသမားများစွာကို မွေးထုတ်ပေးလေ့ရှိတဲ့ အသင်းဖြစ်ပြီး အာဆင်နယ်နောက်ခံလူ အင်ကာပီယေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ကိုင်ဆီဒို တို့ဟာလည်း အင်ဒီပန့်ဒီယန်တီအသင်း အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။


