
လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်လာရင် ခေါ်ယူသွားမှာဖြစ် ကြောင်း အာဆင်နယ်နည်းပြအာတေတာ ကပြောပါတယ်။
အာဆင်နယ်အသင်းဟာနွေရာသီ အပြောင်းအရွှေ့မှာကတည်းက ကစားသမားအများအပြားကို ခေါ်ယူကာ အင်အားဖြည့်ခဲ့သည့်တိုင် လာမဲ့အပြောင်းအရွှေ့မှာလည်း ကစားသမားသစ် လိုအပ်လာရင် ခေါ်ယူဖို့အသင့်ရှိကြောင်း နည်းပြအာတေတာက ပြောပါတယ်။
လက်ရှိကစားသမားလူစာရင်းထဲကသူတွေကိုတော့ ရောင်းချဖို့မရှိဘဲ အသင်းရဲ့ အခြေအနေအပေါ် မူတည်ပြီး လိုအပ်လာရင်တော့ ခေါ်ယူသွားမယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းမှာ ကွင်းလယ်လူ ဒက်ကလန်ရိုက် ဒဏ်ရာရရှိခဲ့ပေမဲ့ မပြင်းထန်တာကြောင့် လာမဲ့ပွဲစဉ်တွေမှာပြန်လည်ကစားနိုင်မှာဖြစ်ပြီး ဗဟိုခံစစ်မှူး ၃ ယောက် ဒဏ်ရာရနေတဲ့အပေါ်မှာ ပရိသတ်တွေဘက်က စိုးရိမ်နေပါတယ်။
Photo: Reuters


