
မန်စီးတီးအသင်းဟာ ဘုန်းမောက်တိုက်စစ်ကစားသမား ဆမ်မန်ညိုကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်း ပေးပြီး ခေါ်ယူနိုင်ဖို့ နီးစပ်လာပါတယ်။
အသက် ၂၅ နှစ်ရှိ ဂါနာကစားသမားကို ပရီးမီးယားလိဂ် ထိပ်တန်း ၅ သင်းလောက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ မန်စီးတီးက လက်ဦးမှုရယူနိုင်ဖို့ နီးစပ်လာခဲ့တာပါ။
မန်စီးတီးဟာ ကစားသမားဖြစ်သူရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နှစ်သစ်ကူးရက်မှာ ဆွေးနွေးဖို့ ချိန်းဆိုထားပြီး ဆမ်မန်ညိုအတွက် သဘောတူညီမှုရယူဖို့ ကြိုးပမ်းမှာပါ။
ဆမ်မန်ညိုဟာ ချဲလ်ဆီးနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားသွားခဲ့ပေမဲ့ အပြောင်းအရွှေ့ ဖွင့်လှစ်ချိန်မှာ အသင်းပြောင်းဖို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။
ဘုန်းမောက်နည်းပြ အီရာအိုလာကတော့ ချဲလ်ဆီးနဲ့ပွဲမှာ ဆမ်မန်ညိုရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ မဟုတ်တာ သေချာကြောင်း ဖြေရှင်းထားပြီး မန်စီးတီးနဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။


