
မန်စီးတီးအသင်းဟာ ဘုန်းမောက်ကြယ်ပွင့်ကစားသမား အန်တိုနီဆမ်မန်ညိုအတွက် ကစားသမားရဲ့ အေးဂျင့်အဖွဲ့နဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဂါနာတိုက်စစ် ကစားသမားဟာ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ရှိပြီး မန်စီးတီးအပါအဝင် လီဗာပူး၊ ချဲလ်ဆီး၊ မန်ယူနဲ့ စပါးအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။
လက်ရှိအချိန်မှာ မန်စီးတီးအသင်းက လက်ဦးမှုရယူနိုင်ဖို့ နီးစပ်နေပြီး ကစားသမားဖြစ်သူရဲ့ အေးဂျင့်အဖွဲ့နဲ့ တွေ့ဆုံဖို့ နှစ်သစ်ကူးကာလမှာ ချိန်းဆိုထားတယ်လို့ သိရပါတယ်။ ဆမ်မန်ညိုဟာ အခုနှစ်ပရီးမီးယားလိဂ် ၁၇ ပွဲ အပြီးမှာ ၉ ဂိုးအထိသွင်းယူထားပါတယ်။


