
ဘုန်းမောက် ကစားသမားဆမ်မန်ညိုဟာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဘက်ကလည်း အသက် ၂၅ နှစ်ရှိ ဆမ်မန်ညိုကို ခေါ်ယူဖို့ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေရရှိထားပြီး ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းမွန်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။
ဂါနာသားဟာ ဘုန်းမောက်နဲ့ ပေါင် ၆၅ သန်းတန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားလို ပေါင် ၆၅ သန်း ပေးချေမယ်ဆိုရင် မန်စီးတီးက ခေါ်ယူခွင့်ရမှာပါ။
ဆမ်မန်ညိုကို ခေါ်ယူဖို့ မန်ယူနိုက်တက်၊ လီဗာပူး၊ စပါးနဲ့ ချဲလ်ဆီးအသင်းတွေကလည်း စိတ်ဝင်စားနေချိန်မှာ မန်စီးတီးက လက်ဦးမှုရယူနိုင်ဖို့ နီးစပ်လာခဲ့တာပါ။
ဆမ်မန်ညိုဟာ မနှစ်က ၁၃ ဂိုးသွင်းခဲ့သလို အခုနှစ်ရာသီ ၁၆ ပွဲကစားအပြီးမှာလည်း ၈ ဂိုးသွင်းယူထားပါတယ်။


