
အဆင့်တစ် နေရာအတွက် မန်စီးတီးအသင်းရဲ့ ရလဒ်ကို မကြည့်ဘဲ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်သွားမှာဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောပါတယ်။
အဲဗာတန်အသင်းကို ယိုကရက်စ်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး မန်စီးတီး ခေတ္တနေရာယူခဲ့တဲ့ အဆင့်တစ် နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီးနောက်မှာ နည်းပြအာတေတာက ပြောသွားတာပါ။
ပြိုင်ဘက်ရဲ့ရလဒ်တွေကို စောင့်ကြည့်မှာမဟုတ်ဘဲ ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေအပေါ်မှာပဲ အာရုံစိုက် လုပ်ဆောင်မှာဖြစ်ကြောင်း၊ နေ့စဉ်တိုင်း အကောင်းဆုံး လုပ်ဆောင်ပြီး အဆုံးသတ်မှာ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်သွားရုံသာရှိကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ပွဲစဉ် ၁၇ အပြီးမှာ အာဆင်နယ်က မန်စီးတီးကို ၂ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်ထားပါတယ်။


