
မန်စီးတီးအသင်းကို ပိုကောင်းအောင် မလုပ်ဆောင်နိုင်တော့တဲ့အချိန်ရောက်မှသာ အသင်းနဲ့ လမ်းခွဲမှာ ဖြစ်ကြောင်းနည်းပြ ပတ်ဂွါဒီယိုလာက ပြောပါတယ်။
စပိန်နည်းပြဟာ အသင်းနဲ့ ၁၈ လ သက်တမ်းသာကျန်ရှိတော့တာဖြစ်ပြီး ဂွါဒီယိုလာ အလွန်မှာ မန်စီးတီးနည်းပြ ဖြစ်လာနိုင်သူတွေကိုလည်း မီဒီယာတွေက ခန့်မှန်း ဖော်ပြနေကြပါတယ်။
နည်းပြဂွါဒီယိုလာကတော့ အသင်းမှာ ပျော်ရွှင်နေဆဲဖြစ်ပြီး အသင်းကို ပိုကောင်းအောင် လုပ်ဆောင်ဖို့ မစွမ်းဆောင်နိုင်တဲ့အချိန်ရောက်မှပဲ လမ်းခွဲဖို့ ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။
ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တိုးတက်လာဖို့ ဘယ်လိုမှ မတွန်းတင်နိုင်တဲ့အချိန်နဲ့ အသင်းကို ဘယ်လို ကောင်းမွန်အောင်လုပ်ဆောင်ရမလဲဆိုတာ အဖြေမရှာနိုင်တော့တဲ့ အချိန်တွေရောက်မှသာ အသင်းနဲ့လမ်းခွဲမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆုဖလားတွေ ပြန်လည်ရယူဖို့ စိတ်အားထက်သန်နေဆဲပဲလို့ ဂွါဒီယိုလာက ပြောပါတယ်။
ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေကို လိုချင်ပေမဲ့ အဲဒီအောင်မြင်မှုတွေက မနက် အိပ်ရာနိုးလာရတဲ့ အကြောင်းအရင်တော့ မဟုတ်ကြောင်း၊ ပိုကောင်းအောင် လုပ်ဆောင်ဖို့အတွက်ပဲ စိတ်လှုပ်ရှားနေရတာကို သဘောကျကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။


