
လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာပြန်လည်ရရှိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ဟာ သီတင်း ၂ ပတ်လောက် ထပ်မံ အနားယူသွားဖို့ လိုအပ်နေပါတယ်။
ဂျာမန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က ကစားခဲ့တဲ့ မန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာကတည်းက ဒူးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။
အဲဒီနောက် ဒီဇင်ဘာလဆန်းက လေ့ကျင့်ရေး ပြန်လည်စတင်ခဲ့ပေမဲ့ ဒူးဒဏ်ရာရဲ့ နောက်ဆက်တွဲအဖြစ် နာကျင်မှု ပြန်လည်ခံစားခဲ့ရတာပါ။
ဟာဗက်ဇ် အနေနဲ့ ဇန်နဝါရီ ၈ ရက်မှာ ကစားမဲ့ လီဗာပူးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပေမဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ကစားမဲ့ ပို့စ်မောက်နဲ့ အက်ဖ်အေဖလားပွဲစဉ် ရောက်မှသာ ပြန်လည်ပါဝင်ကစားနိုင်ဖို့ ရှိပါတယ်။
မနှစ်ကရာသီမှာ ၃၆ ပွဲကစားပြီး ၁၅ ဂိုးသွင်းခဲ့တဲ့ ဟာဗက်ဇ်ဟာ အခုနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တပွဲသာ ကစားထားပါတယ်။


