
ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ ကလပ်ဘရာဂါနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဥရောပချန်ပီယံလိဂ်ကို ဆက်လက် ဦးဆောင်နေပါတယ်။
အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲကစားချိန် ၂၅ မိနစ်နဲ့ ၄၇ မိနစ်မှာ မာဒူကေးက သွင်းယူခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ မာတင်နယ်လီက သွင်းယူခဲ့တာပါ။
ဒီနိုင်ပွဲအပြီးမှာ အာဆင်နယ်အသင်းက ၆ ပွဲကစား၊ ၆ ပွဲနိုင် ရမှတ် ၁၈ မှတ်နဲ့ ချန်ပီယံလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
တခြားပွဲစဉ်တွေမှာတော့ စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းက မန်ချက်စတာစီးတီး အသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ဒီရှုံးပွဲဟာ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆဲလ်တာဗီဂိုကို ရှုံးထားတဲ့ ရီးရဲလ်မက်ဒရစ်အတွက် အိမ်ကွင်း ဘာနေဗျူးမှာ ၂ ပွဲဆက်ရှုံးပွဲ ဖြစ်ပါတယ်။
တခြားပွဲစဉ်ဖြစ်တဲ့ ဘင်ဖီကာအသင်းနဲ့ နာပိုလီအသင်းပွဲစဉ်မှာလည်း အီတလီ စီးရီးအေမှာ ခြေစွမ်းပြပြီး အဆင့် ၂ နေရာမှာ ရှိနေတဲ့ နာပိုလီအသင်းက မော်ရင်ဟိုရဲ့ ဘင်ဖီကာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။


