
အာဆင်နယ် နောက်တန်းကစားသမားတွေဖြစ်တဲ့ ဂါဘရီယယ်နဲ့ ဆာလီဘာတို့ ပြန်ကစားနိုင်ဖို့ အချိန်လိုအပ်သေးကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
အဆိုပါ ဗဟိုခံစစ်မှူး ၂ ယောက်ထဲမှာ ပြင်သစ်နောက်ခံလူ ဆာလီဘာက အသင်းရဲ့ ပွဲစဉ် ၃ ပွဲ ဆက်တိုက်လွဲချော်ခဲ့ပြီး ဘရာဇီးခံစစ်မှူး ဂါဘရီရယ်က ၅ ပွဲ လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။
နောက်ဆုံး ၃ ပွဲမှာ တပွဲပဲအနိုင်ရခဲ့တဲ့ အာဆင်နယ်အနေနဲ့ လာမဲ့တပတ်မှာ ကစားရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပါအဝင် ဘရုဂျက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အဓိကခံစစ်မှူး ၂ ယောက်ကို အသုံးပြုနိုင်ဖို့ မရှိသေးဘဲ ဆက်လက်လွဲချော်ဖို့ရှိပါတယ်။
စပိန်နောက်ခံလူ မော်စကွယ်ယာရဲ့ ခြေချင်းဝတ်ဒဏ်ရာဟာ ထင်မှတ်ထားတာထက်ပိုပြီး ကြီးမားတာကြောင့် ၆ ပတ်လောက် အနားယူဖို့ အချိန်လိုအပ်နေသေးကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။


