
အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ ဗီလာအသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို နည်းပြ အူနိုင်းအမ်မရီက ချီးကျူးလိုက်ပါတယ်။
ဗီလာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ မှာ အာဆင်နယ်ကို ဘွန်ဒီယာရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီး အဆင့် ၁ နဲ့ ၃ မှတ်ကွာအခြေအနေကို ရောက်ရှိလာခဲ့တာပါ။
အဲဒီပွဲစဉ်မှာ အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုမှုနဲ့ ပြိုင်ဘက်ရဲ့ အခြေအနေနဲ့ လိုက်ဖက်အောင် ကစားနိုင်မှုတွေ အပါအဝင် အသင်းသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှုတွေက ချီးကျူးစရာကောင်းပြီး ပရိသတ်တွေရဲ့ အားပေးမှုကလည်း အသင်းကို ခွန်းအားဖြစ်စေခဲ့ကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
ဒီနိုင်ပွဲကြောင့် အဆင့် ၁ နဲ့ ၃ မှတ်ပဲ ကွာဟတဲ့အပေါ် တပွဲချင်းစီသာ အာရုံစိုက် ကစားသွားမှာဖြစ်ပြီး ယူရိုပါလိဂ်မှာ ကောင်းမွန်အောင်ကစားမှာဖြစ်တဲ့တိုင် ပရီးမီးယားလိဂ်က ဦးစားပေးပြိုင်ပွဲ ဖြစ်တယ်လို့ နည်းပြအမ်မရီက ပြောသွားပါတယ်။


