
အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေတာက လေ့ကျင့်မှုပြင်းထန်လွန်းလို့ မဟုတ်ကြောင်း နည်းပြအာတေတာက ဖြေရှင်းသွားပါတယ်။
အာဆင်နယ်အသင်းဟာ အမာခံ ဗဟိုခံစစ်မှူး ၂ ယောက်ဖြစ်တဲ့ ဂါဘရီယယ်နဲ့ ဆာလီဘာတို့ အနားယူနေရတာကြောင့် အသင်းရဲ့ရလဒ်ပိုင်း ယိမ်းယိုင်စေခဲ့ပါတယ်။
ဒါ့အပြင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဗစ်တာယိုကရက်စ်၊ ဘူကာရိုဆာကာနဲ့ နိုနီမာဒူအက်ကေ အပါအဝင် အသင်းခေါင်းဆောင် အိုဒီဂတ်ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် ပွဲစဉ်တချို့ကို လွဲချော်ခဲ့ပါတယ်။
အခုနှစ်ရာသီအစမှာပဲ ဒဏ်ရာပြဿနာတွေ ရှိနေတာက လေ့ကျင့်မှု ပြင်းထန်လွန်းလို့မဟုတ်ဘဲ ဒီဇင်ဘာ ၉ ရက်ကဆိုရင် လေ့ကျင့်ချိန် မိနစ် ၂၀ သာ လုပ်ဆောင်စေခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ဒါပေမဲ့ ဒဏ်ရာရကစားသမားတွေ ရှိလာတာက တခြားကစားသမားတွေကို ဝန်ပိစေပြီး ဒဏ်ရာရတဲ့ အကျိုးဆက် ရှိတတ်တာကြောင့် ဒါက အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။


