
အာဆင်နယ်အသင်းသားတွေအနေနဲ့ စွမ်းဆောင်ရည်တိုးတက်ဖို့ လိုအပ်ကြောင်း နည်းပြအာတေတာက ဝန်ခံပြောသွားပါတယ်။
မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းကို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည် တိုးတက်ဖို့လိုကြောင်းနဲ့ အနိုင်ဂိုးသာမရရှိခဲ့ဘူးဆိုရင် အလွန်စိတ်ပျက်စရာဖြစ်မှာ သေချာကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ပွဲချိန်ကြာလာတာနဲ့အမျှ ဝုဗ်အသင်းက မျှော်လင့်ချက်ရှိလာတဲ့ စိတ်ဓာတ်နဲ့ ကစားသွားခဲ့ပြီး မိမိတို့ အသင်းအနေနဲ့ ပွဲကို အရှိန်းမြှင့်ကြိုးပမ်းခဲ့တဲ့တိုင် အန္တရာယ်ရှိတဲ့ စွန့်စားမှုတွေ လုပ်ဆောင်မိခဲ့ကြောင်း နည်းပြက ပြောပါတယ်။
အာဆင်နယ်ဟာ ဝုဗ်နဲ့ ပွဲမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိတဲ့ ၂ ဂိုး နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးထက် တပွဲပိုအခြေအနေမှာ ၅ မှတ်ဖြတ် ဦးဆောင်ထားပါတယ်။


