
မန်စီးတီးအသင်းအနေနဲ့ ရလဒ်ကောင်းမွန်နေပေမဲ့ ခြေစွမ်းအရဆိုရင် ချန်ပီယံဖြစ်ဖို့ မလုံလောက်သေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ အဆင့်တစ်နေရာကို ခေတ္တရယူချိန်မှာ နည်းပြ ဂွါဒီယိုလာက ပြောသွားတာပါ။
နိုင်ပွဲအတွက်နဲ့ အဆင့်တစ်နေရာ တက်လှမ်းလာတဲ့အပေါ် ဝမ်းမြောက်မိတာမှန်ပေမဲ့ မိမိတို့အသင်း ဘောလုံးနဲ့အတူ ကစားသွားတဲ့ ခြေစွမ်းက တိုးတက်မှုရှိလာဖို့ လိုအပ်ပြီး လာမဲ့ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် မလုံလောက်သေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
အသင်းတိုက်စစ်ပိုင်းက ပြိုင်ဘက်ခံစစ်ကို ဖြိုခွင်းပြီး နောက်တဆင့်သွားဖို့အတွက် မှန်ကန်တဲ့နေရာတွေမှာ မရှိသေးဘဲ အဲဒီလိုလုပ်ဆောင်ဖို့ ကစားသမားတွေမှာ သတ္တိမရှိသေးကြောင်း၊ လိုအပ်ချက်တွေရှိပေမဲ့ တိုးတက်မှုရှိလာတာကတော့ အမှန်ဖြစ်ပြီး ပိုကောင်းအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။


