
ဘုန်းမောက်ကြယ်ပွင့်ဆမ်မန်ညိုနဲ့ အပြောင်းအရွှေ့ကိစ္စ ဖြေကြားဖို့ ချဲလ်ဆီးနည်းပြမာရက်စ်ကာက ငြင်းဆိုသွားပါတယ်။
ဂါနာတောင်ပံတိုက်စစ်ကစားသမားဟာ ဇန်နဝါရီမှာ စာချုပ်ပါလျော်ကြေးကိစ္စ စတင်အသက်ဝင်မှာဖြစ်ပြီး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ကြောင်း သတင်းထွက်ပေါ်နေတာပါ။
ဆမ်မန်ညိုဟာ မန်စီးတီးဆီပြောင်းရွှေ့ဖို့ သတင်းထွက်နေပေမဲ့ ချဲလ်ဆီးအသင်းကလည်း လက်ဦးမှုရယူဖို့ ကြိုးပမ်းနေကြောင်း သတင်းထွက်လာတာပါ။
အဲဒီသတင်းတွေအပေါ် နည်းပြမာရက်စ်ကာက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး လက်ရှိအသင်းရဲ့လူ စာရင်းမှာ အားရကျေနပ်ကြောင်း မာရက်စ်ကာက ပြန်လည်ပြောသွားတာပါ။
ဗီလာနဲ့ပွဲအပေါ်မှာပဲ အာရုံစိုက်ထားပြီး ကစားသမားအဝင်အထွက် ကိစ္စတွေအပေါ် အာရုံစိုက်မှာ မဟုတ်ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
Photo: Reuters


