
လိဒ်ယူနိုက်တက်အသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာ က ဂုဏ်ပြုစကားဆိုသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့တပတ်က တယောက်လျော့နဲ့ ကစားပြီး အဆင့် ၁ ကအာဆင်နယ်ကို သရေကစားနိုင်ခဲ့လို့ ချန်ပီယံမျှော်လင့်ချက် ရှင်သန်လာခဲ့ပေမဲ့ လိဒ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်နဲ့ ၉ မှတ်အထိ ကွာဟသွားတာပါ။
ချဲလ်ဆီးအသင်းအတွက် အလွန်ညံ့ဖျင်းခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ပြိုင်ဘက်လိဒ်အသင်းကအစစအရာရာမှာ ပိုကောင်းခဲ့တာကြောင့် အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
ပရီးမီးယားလိဂ်မှာ ဘယ်အသင်းနဲ့ပဲဖြစ်ဖြစ် အဝေးကွင်းဖြစ်စေ၊ အိမ်ကွင်းဖြစ်စေ အကောင်းဆုံးစွမ်း ဆောင်ရည်ပြသနိုင်ဖို့ လိုအပ်ပြီး ၃ ဂိုးမြောက် ဂိုးပေးလိုက်ရချိန်မှာ ပွဲကအဆုံးသတ်သွားခဲ့ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
Photo: Reuters


