
အဲဗာတန်တိုက်စစ်မှူးဟောင်း ကယ်ဗတ်လူဝင်ဟာ တန်းတက်ကလပ် လိဒ်ယူနိုက်တက် ဆီပြောင်းရွှေ့ကစားမှာဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ အဲဗာတန်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီးနောက် စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွါလာခဲ့တာပါ။
လက်ရှိအချိန်မှာတော့ လိဒ်ယူနိုက်တက်ဆီပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်နေပြီး မကြာခင်တရားဝင် ထုတ်ပြန် လာဖို့ ရှိပါတယ်။
လူဝင်ဟာ ၂၀၂၀-၂၀၂၁ ရာသီက အကောင်းဆုံးခြေစွမ်းရရှိခဲ့ပြီး ပြိုင်ပွဲစုံမှာ ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။
နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာပြဿနာတွေ အပါအဝင် စွမ်းဆောင်ရည်ကျဆင်းသွားခဲ့ပြီး မနှစ်ကရာသီမှာဆိုရင် သွင်းဂိုး ၃ ဂိုးသာရရှိခဲ့သူ ဖြစ်ပါတယ်။
Photo : Reuters


