မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံရှစ်ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဆောက်သမ်တန်က လိဒ်ယူနိုက်တက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် ရရှိခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းဟာ ပွဲချိန် ၂၄ မိနစ်ကတည်းက အမ်းစထရောင်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်အထိ အနိုင်ရလဒ်ကို ဆက်ထိန်းနိုင်ခဲ့တာပါ။
အနိုင်ရတဲ့အသင်းက ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိတာဖြစ်လို့ ပေါင်သန်း ၁၈၀ အထိ တန်ကြေးရှိတဲ့ ပြိုင်ပွဲအဖြစ် သတ်မှတ်ခဲ့ကြတာပါ။
ဆောက်သမ်တန်အသင်းဟာ မနှစ်ကရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပြီး တရာသီအကြာမှာပဲ တန်းတက်ခွင့် ပြန်လည်ရရှိခဲ့တာပါ။
နည်းပြ ရက်ဆဲလ် မာတင်ကတော့ ယုံကြည်ထောက်ခံမှုပေးခဲ့ကြတဲ့ အသင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။
Photo-Reuters