
တိုက်စစ်မှူး ယိုကရက်စ် နေရာမှာ ဂျေဇုကို ပွဲထုတ်ဖို့ အင်္ဂလန်နဲ့ လီဗာပူး နောက်ခံလူဟောင်း ဂျေမီကာရေဂါက တိုက်တွန်းသွားပါတယ်။
ယိုကရက်စ်ဟာ ဗီလာနဲ့ပွဲမှာလည်း ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ ဂျေဇုက လူစားဝင်ပြီး မိနစ်ပိုင်းအတွင်းပဲ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဂျေဇုဟာ အချိန်တိုင်းမှာ အဆုံးသတ်ကောင်းမွန်တဲ့ ကစားသမား မဟုတ်ပေမဲ့ မိမိက သူ့ရဲ့ပရိသတ် ဖြစ်ပြီး စောင့်ကြည့်ချင်စရာကောင်းမွန်တဲ့ ဘောလုံးသမားတယောက်ဖြစ်ကြောင်း ကာရေဂါက ပြောပါတယ်။
အာဆင်နယ် အနေနဲ့ ယိုကရက်စ်ရဲ့နေရာမှာ တိုးတက်မှုတွေရှိဖို့ လိုအပ်ပြီး ဂျေဇုက ယိုကရက်စ်ထက် ပိုကောင်းတဲ့ ကစားသမားဖြစ်သလို အသင်းရဲ့ကစားကွက်နဲ့ ပိုမိုလိုက်ဖက်မှုရှိကြောင်း ကာရေဂါက ပြောပါတယ်။
ယိုကရက်စ် နေရာမှာ ဂျေဇု ဒါမှာမဟုတ် ကိုင်ဟာဗက်ဇ်ကို ပွဲထုတ်တာက အသင်းအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့လည်း ကာရေဂါက တိုက်တွန်းသွားပါတယ်။


