
အာဆင်နယ်အသင်းသားတွေအနေနဲ့ အခုနှစ်ရာသီမှာ ကွင်းတွင်းစည်းကမ်းပိုင်းဆိုင်ရာ ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်းနည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ မနှစ်ကရာသီအစပိုင်း ၈ ပွဲမှာကစားသမား ၃ ယောက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပေမဲ့ အခုနှစ်ရာသီပွဲစဉ် ၁၇ အပြီးမှာတော့ အနီကတ်ပြခံရတာ မရှိသေးသလို စည်းကမ်းပိုင်းဆိုင်ရာမှာ အကောင်းမွန်ဆုံး အသင်းအဖြစ် ရပ်တည်နေတာပါ။
မနှစ်ကရာသီအစပိုင်းမှာ အနီကတ် ၃ ကတ်အထိ ပြသခံခဲ့ရတယ်ဆိုတာမှတ်မိပြီး ပွဲစဉ်တိုင်းကို ၁၁ ယောက်နဲ့ ဆက်လက်ကစားခွင့်ရဖို့အတွက် စည်းကမ်းပိုင်းဆိုင်ရာကောင်းမွန်မှုကို ဆက်ထိန်း ထားရမယ်လို့ နည်ပြအာတေတာက ပြောသွားပါတယ်။
Photo: Reuters


