
အာဆင်နယ်အသင်းသားတွေအနေနဲ့ ဆုဖလားတွေ ရယူနိုင်ကြောင်း သက်သေပြဖို့ လိုအပ်နေပြီလို့ နောက်ခံလူ ဝီလီယံဆာလီဘာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ အခုနှစ်ရာသီဝက်အထိ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ အဆင့်တစ်နေရာမှာ ရပ်တည်နေသလို အက်ဖ်အေဖလားနဲ့ ကာရာဘောင်လိဂ် ရှုံးထွက်ဖလားတွေမှာလည်း ဆက်လက်ဝင်ပြိုင်နေဆဲ ဖြစ်ပါတယ်။
မိမိတို့အသင်း ယှဉ်ပြိုင်ကစားနေတဲ့ ပြိုင်ပွဲ ၄ ခုစလုံးမှာ ချန်ပီယံဖြစ်နိုင်တယ်ဆိုတာ အသင်းသားအားလုံး သိရှိထားပြီး ဆုဖလားတွေ ရယူနိုင်တယ်ဆိုတာ ကွင်းထဲမှာ သက်သေပြဖို့ လိုအပ်ကြောင်း၊ အခုနှစ်ရာသီကစတင်ပြီး ဆုဖလားတွေ ရယူသွားဖို့လိုအပ်ကြောင်း ဆာလီဘာက ပြောပါတယ်။
အာဆင်နယ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ အက်ဖ်အေဖလားရရှိပြီး နောက်ပိုင်းမှာ ဆုဖလားအောင်မြင်မှုနဲ့ ဝေးနေတာ ဖြစ်ပါတယ်။


