
အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမဲ့ ပွဲစဉ်က ဗီလာအတွက် အကြီးမားဆုံး စမ်းသပ်မှု ဖြစ်လာမယ်လို့ နည်းပြ အူနိုင်းအမ်မရီက ပြောပါတယ်။
စပိန်နည်းပြဟာ အသင်းဟောင်း အာဆင်နယ်နဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာပါ။
ဒီပွဲစဉ်မှာ ဗီလာအတွက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်လာမှာဖြစ်ပြီး အာဆင်နယ်က အမြင့်မားဆုံးခြေစွမ်းနဲ့ ယှဉ်ပြိုင်ကစားနေတဲ့ အသင်းဖြစ်ကြောင်း၊ အသင်းကို တည်ဆောက်ခဲ့မှုနဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေအရ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်ကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
ဒါ့အပြင် အရေးပါတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့လို တနေရာအတွက် ကစားသမား ၂ ယောက်အထိ ရှိနေပြီး ကိုင်ဟာဗက်ဇ်နဲ့ ဂါဘရီယယ်ဂျေဇုလို ကစားသမားတွေဟာလည်း ပြန်ကစားနိုင်ပြီလို့ နည်းပြအမ်မရီက ပြောပါတယ်။
ဗီလာအသင်းဟာ ပထမအကျော့အိမ်ကွင်းမှာတုန်းက အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ပွဲစဉ် ၁၈ အပြီးမှာ ဗီလာက အာဆင်နယ်နဲ့ ၅ မှတ်ပဲ ကွာဟနေတာ ဖြစ်ပါတယ်။


