
ဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ မထင်ကြောင်း နည်းပြ အမ်မရီက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်သလားလို့ သတင်းထောက်တယောက်က မေးမြန်းခဲ့ရာမှာ စိန်ခေါ်နိုင်မယ်လို့ မထင်ကြောင်းနဲ့ အကောင်းဆုံးခြေစွမ်းနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ ခံစားချက်သာရှိကြောင်း နည်းပြ အမ်မရီက ပြောသွားတာပါ။
ဗီလာဟာ ပြီးခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ အာဆင်နယ်၊ မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေကို အနိုင်ယူခဲ့ပြီး အာဆင်နယ်နဲ့ ၃ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာပါ။
ဒီဇင်ဘာ ၃၁ ရက် အာဆင်နယ်နဲ့ ထပ်မံရင်ဆိုင်ရမဲ့ပွဲမှာ အနိုင်ရရှိမယ်ဆိုရင်တော့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့က ခက်ခဲပြီး အာဆင်နယ်ဟာလည်း အိမ်ကွင်းခြေစွမ်း အလွန်ကောင်းမွန်တဲ့အသင်း ဖြစ်တာကြောင့် အနိုင်ရဖို့ မလွယ်ကူကြောင်း နည်းပြအမ်မရီက ပြောသွားပါတယ်။


