
လီဗာပူးအသင်းအနေနဲ့ တည်ကန်ဘောအားနည်းမှု ဆက်ရှိနေမယ်ဆိုရင် ထိပ်ဆုံး ၄ သင်းစာရင်း ဝင်နိုင်မှာမဟုတ်ကြောင်း နည်းပြ အာနဲစလော့က ပြောပါတယ်။
လီဗာပူးဟာ တည်ကန်ဘောတွေကနေ ပေးဂိုး ၁၁ ဂိုး ခွင့်ပြုထားရပြီး ဘုန်းမောက်အသင်းပြီးရင် တည်ကန်ဘောကနေ ဂိုးပေးရမှု အများဆုံးအသင်းအဖြစ် ရပ်တည်နေတာပါ။
တည်ကန်ဘောတွေကနေ ရဂိုးကလည်း ၃ ဂိုးပဲ ရရှိထားတာကြောင့် ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ဝုဗ်အသင်းပြီးရင် အားအနည်းဆုံး ဖြစ်နေတာပါ။
ဒီခေတ်မှာ တည်ကန်ဘောတွေက အရေးပါလာပြီး လက်ရှိအသင်းရဲ့ အချက်အလက်တွေက စိတ်ပျက်စရာဖြစ်ကြောင်းနဲ့ ဒီအချက်အလက်တွေ တိုးတက်မှုရှိမလာရင် ထိပ်ဆုံး ၄ သင်း ၅ သင်း စာရင်းဝင်နိုင်မှာ မဟုတ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ ပွဲစဉ် ၁၇ အပြီးမှာ ၉ ပွဲနိုင် ၂ ပွဲသရေ ၆ ပွဲရှုံးနိမ့်ပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။


