
ချဲလ်ဆီးနောက်ခံလူဟောင်း သီယာဂိုဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ဆီပြန်လာဖို့ စီစဉ်နေပါတယ်။
အသက် ၄၁ နှစ်ရှိ ဘရာဇီးနောက်ခံလူဟာ မွေးရပ်မြေကလပ် ဖလူမင်နိစ်အသင်းနဲ့ ရာသီကုန်တဲ့အထိ စာချုပ်သက်တမ်းကျန်သေးပေမဲ့ အသင်းက ပြည်တွင်းရှုံးထွက်ဖလားကနေ ထွက်ခွါခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွါဖို့ ရှိနေတာပါ။
ဆေးလ်ဗာဟာ အဲဒီပွဲစဉ်အပြီးမှာ အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီး မိသားစုနဲ့အတူနေထိုင်နိုင်ဖိုအတွက် အင်္ဂလန်ပရီးမီးယားလိဂ်ဆီပြန်လာဖို့ ရှိနေကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဆေးလ်ဗားရဲ့ သား ၂ ယောက်က ချဲလ်ဆီးအသင်းအကယ်ဒမီမှာ ကစားနေကြပြီး ဒုတိယမြောက်သား ဖြစ်သူ လာဂိုဆေးလ်ဗားက အင်္ဂလန် ယူ-၁၅ အသင်းမှာ ရွေးချယ်ခြင်း ခံထားရသူပါ။
လာဂိုဟာ ၂၀၂၀ ပြည့်နှစ် ကတည်းက အင်္ဂလန်မှာရောက်ရှိနေတာဖြစ်လို့ ဖခင်ဖြစ်သူက ဘရာဇီးဂန္ထဝင်ကစားသမားဖြစ်တဲ့တိုင် အင်္ဂလန်အတွက်လည်း ကစားခွင့်ရှိလာခဲ့တာပါ။
သီယာဂို ဆေးလ်ဗားအနေနဲ့ ကစားသမားဘဝကနေ အနားယူဖို့ ဆန္ဒမရှိသေးဘဲ လန်ဒန်အခြေစိုက်ကလပ် တသင်းမှာ ကစားဖို့ ဆန္ဒရှိနေကြောင်းသိရပါတယ်။
Photo: Reuters


