
တိုက်စစ်မှူး အစ်ဆက်ခ် ဒဏ်ရာရသွားတဲ့အပေါ် လီဗာပူးနည်းပြ အာနဲစလော့က စိုးရိမ်နေပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပြီး ၁၀ မိနစ်ခန့်အကြာမှာပဲ ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဂိုးသွင်းယူပြီး မိနစ်ပိုင်းအတွင်းမှာပဲ စပါးနောက်ခံလူ ဗန်ဒီဗန်ရဲ့ ဖျက်ထုတ်မှုကနေ ဒူးဒဏ်ရာရရှိသွားပြီး ဆက်လက်ကစားနိုင်ခြင်း မရှိတော့ဘဲ လူစားလဲခံခဲ့ရပါတယ်။
အစ်ဆက်ခ်ရဲ့ဒဏ်ရာကို အသေးစိတ် စစ်ဆေးပြီးမှသာ ပြောပြလို့ရနိုင်မှာဖြစ်ပေမဲ့ ကစားသမားတယောက် ဂိုးသွင်းပြီးနောက် ဆက်လက်မကစားနိုင်တော့တာမျိုးက ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
အစ်ဆက်ခ်နဲ့ စကားအနည်းငယ်သာ ပြောခဲ့ရတာဖြစ်လို့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဆေးပညာပိုင်းအရ ပြောပြဖို့ မဖြစ်နိုင်သေးကြောင်း နည်းပြစလော့က ပြောသွားပါတယ်။


