
မိုဆာလာအနေနဲ့ လာမဲ့ရာသီအထိ အသင်းမှာဆက်ရှိဖို့ မျှော်လင့်ကြောင်း လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က ပြောသွားပါတယ်။
ဆာလာဟာ အသင်းနဲ့အတူ ၃ ပွဲဆက်တိုက် ပွဲထွက်ခွင့်မရခဲ့တဲ့နောက်မှာ အသင်းနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး အသင်းကနေ ထွက်ခွာနိုင်ကြောင်း ထုတ်ဖော်ပြောထားတာပါ။
အဲဒီနောက် နည်းပြစလော့နဲ့ ပြေလည်မှုပြန်လည်ရရှိခဲ့ပြီး ဘရိုက်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ပြန်လည်ကစားခွင့်ရရှိခဲ့တာပါ။
ဆာလာရဲ့အနာဂတ်နဲ့ ပတ်သက်လို ဘောလုံးမှာ ဘာမဆို ဖြစ်တတ်တာကြောင့် လာမဲ့ရာသီမှာ ဘာဖြစ်မလဲဆိုတာ မသိနိုင်ပေမဲ့ ရာသီကုန်ဆုံးချိန်အထိ အသင်းရဲ့အရေးပါဆုံး ကစားသမားအဖြစ် ဆက်ရှိမှာဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
အခုတပတ်မှာ လီဗာပူးအသင်းကို စည်းလုံးညီညွတ်မှုရှိတဲ့အသင်းအဖြစ် ပြသနိုင်ခဲ့ပြီး အသင်းတသင်းအဖြစ် တစုတစည်းတည်း ရှေ့ဆက်သွားမှာဖြစ်ကြောင်း နောက်ခံလူ ဗန်ဒိုက် က ပြောသွားပါတယ်။


