
လီဗာပူး ကစားသမား ဆာလာဟာ ဘရိုက်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဂျိုးဂိုမက်ဇ်နဲ့ လူစားဝင်ကစားခဲ့ပါတယ်။
အဲဒီပွဲအပြီး အင်တာဗျူးမှာတော့ ဆာလာနဲ့ ကိစ္စအပေါ် ဖြေရှင်းစရာမရှိတော့ကြောင်းနဲ့ အသင်းက ဆာလာကို လိုအပ်တဲ့အတွက် ပြန်လည်အသုံးပြုခဲ့တာဖြစ်ကြောင်း နည်းပြ စလော့ကပြောပါတယ်။
ဆာလာဟာ ဒီပွဲအပြီးမှာ အာဖရိကဖလားသွာမှာဖြစ်ပြီး အသင်းလူစာရင်း အားနည်းနေချိန်မှာ ဆုံးရှုံးမှုတခုဖြစ်ကြောင်းလည်း စလော့က ပြောပါတယ်။
ဆာလာဟာ ဘရိုက်တန်နဲ့ပွဲမှာ လူစားဝင် ကစားပြီးနောက် တိုက်စစ်မှူး အစ်ကီတီကီရဲ့ ဒုတိယဦး ဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
အဝတ်လဲခန်းကနေ ကွင်းပြင်ပဆီ ပြန်လည်ထွက်ခွာရာလမ်းမှာ ဆာလာကို မီဒီယာတွေကမေးမြန်းခဲ့တာမှာ ၂ ပတ်ဆက်တိုက် မဖြေကြားနိုင်ဘူးဆိုပြီးတော့ ဆာလာက ဟာသလုပ်သွားခဲ့ ပါတယ်။
ပွဲစဉ် ၃ ပွဲဆက်တိုက်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီးနောက် အသင်းကိုဝေဖန်ခဲ့တဲ့ ဆာလာဟာ အင်တာမီလန်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစာရင်းကနေချန်လှပ်ခံထားရပြီးနောက် အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာတာဖြစ်ပါတယ်။


