
ဆော်ဒီပရိုလိဂ်ကလပ် ၃ သင်းဟာ လီဗာပူးမှာ အဆင်မပြေဖြစ်နေတဲ့ မိုဆာလာကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
ဆာလာဟာ အသင်းမှာ ပွဲထွက်ခွင့် ၃ ပွဲဆက်တိုက် မရခဲ့တဲ့နောက်မှာ အသင်းကို ဝေဖန်ခဲ့တာကြောင့် အင်တာမီလန်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစာရင်းကနေ ဖယ်ရှားခံခဲ့ရသူပါ။
နည်းပြ အာနဲစလော့ဘက်ကတော့ ဆာလာဘက်က အမှားကိုသိရှိပြီး တောင်ပန်းစကားဆိုဖို့ မျှော်လင့်ထားပေမဲ့ အခြေအနေတွေ တိုးတက်မလာဘူးဆိုရင် အသင်းပြောင်းရွှေ့ခွင့် ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဆော်ဒီကလပ်တွေဖြစ်တဲ့ အယ်လ်ဟီလယ်၊ အယ်လ်ကတ်ဆိုင်ယာနဲ့ နီယွန်အက်စ်စီ အသင်းတွေဟာ လက်ရှိအခြေအနေကို အခွင့်ကောင်းယူပြီး ဆာလာကိုခေါ်ယူဖို့ ဆွဲဆောင် သိမ်းသွင်းသွားဖို့ ပစ်မှတ်ထားနေကြကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဆာလာကို ဆော်ဒီပရိုလိဂ်ကနေ အမြဲတမ်းကြိုဆိုနေပြီး ဆာလာဟာ ဆော်ဒီလိဂ်ရဲ့ ပစ်မှတ်ကစားသမားတယောက် ဖြစ်ကြောင်း ဆော်ဒီလိဂ်စီအီးအို အိုမာက ပြောထားပါတယ်။


