
လိဒ်ယူနိုက်တက်နဲ့ သရေကျတဲ့ပွဲမှာ ပွဲထွက်ကစားခွင့်မရတဲ့အပေါ် မယုံကြည်နိုင်အောင် ဖြစ်မိတယ်လို့ လီဗာပူးတိုက်စစ် ကစားသမား မိုဆာလာက ပြောသွားပါတယ်။
ဆာလာဟာ လိဒ်ယူနိုက်တက်နဲ့ ၃ ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို လူစားဝင်ကစားခွင့်လည်း မရရှိခဲ့သူပါ။
လူစားဝင်ကစားခွင့်တောင် မရခဲ့တာက ဘယ်လိုပြောရမှန်းမသိဘဲ ရယ်စရာကောင်းသလို မယုံကြည်နိုင်စရာလည်း ကောင်းကြောင်း၊ အရန်ခုံထိုင်ရတာ ၃ ပွဲဆက်ရှိနေပြီး မိမိကစားသမားဘဝတလျှောက် တခါမှ မရှိခဲ့ဖူးကြောင်းလည်း ဆာလာက ပြောပါတယ်။
သရေရလဒ်က စိတ်ပျက်စရာကောင်းပြီး အသင်းခံစစ်က အရင်ပွဲတွေလိုပဲ လွယ်ကူတဲ့ဂိုးတွေ ခွင့်ပြုနေရဆဲဖြစ်ကြောင်းလည်း ဆာလာက ပြောပါတယ်။
အသင်းနည်းပြနဲ့ ဆက်ဆံရေးကောင်းမွန်နေပေမဲ့ ပွဲထွက်ခွင့်မရတာကို နားမလည်ကြောင်းနဲ့ တစုံတယောက်က မိမိအသင်းမှာ ရှိနေတာကို မလိုလားတာလို့ ဆာလာက ပြောသွားပါ။


