
မိုဆာလာဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း လီဗာပူး နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
ဆာလာဟာ ဝက်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ပွဲရတဲ့ပွဲစဉ် ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့သလို လူစားလဲ ကစားမှုလည်း မရှိခဲ့သူပါ။
နည်းပြ စလော့ကတော့ ဆာလာဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သူဖြစ်သလို လက်ရှိအချိန်မှာလည်း အရေးပါတဲ့ ကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
ဆာလာဟာ လာမဲ့ ဒီဇင်ဘာ ၂၂ ရက် စတင်မယ့် အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းနဲ့အတူ သွားရောက်ယှဉ်ပြိုင်ရမှာပါ။
လီဗာပူးအတွက် ဆာလာ ကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ ကျန်တဲ့ ကစားသမားအားလုံးက ကိုယ့်ရဲ့ အကောင်းဆုံးပုံစံကို ထုတ်ပြသွားဖို့ လိုအပ်ကြောင်းလည်း နည်းပြ စလော့က ပြောပါတယ်။


